မနေ.က သောကြာနေ.လေ ..ကျွန်မ ညဈေး ( pasar malam) ကိုသွားခဲ.တယ်။ကျွန်မနေတဲ.၇ပ်ကွက်က အပါတ်တိုင်းသောကြာနေ.ဆို ညဈေးရှိတယ်။အဲဒီနေ.ဆို ကျွန်မ အရမ်းပျော်တယ်.ကျွန်မတစ်ယောက်ထဲမဟုတ်ပါဘူး အားလုံးသောမြန်မာတွေ၊တရုတ်တွေ၊ကုလား၊အင်ဒိုနီးရှား၊မလေးရှားမှာနေတဲ.သူအားလုံးပါပဲ..ဘာကြောင်.လဲဆိုတော.
အသီးအနှံတွေ အသားငါးတွေ ဈေးသက်သာတယ်၊လတ်လတ်ဆတ်ဆတ်စားကြရလို.ပဲ။ဒီဆိုင်မှာ ငါးမျိုးစုံရတယ်၊တစ်ချို.ကိုပုဂံပြားလေးတွေနဲ.ထည်.ပြီး ၅ ကျပ်ဆိုပြီရောင်းတယ်။ကျွန်မအကြိုက်ဆုံးငါးကတော. ရွှေငါးပါ။ တစ်ပုဂံကို ၅ ကျပ်ဆိုတော.ဈေးသက်သာတယ်လေ ဟီးဟီးးးးးးး
အသီးအနှံတွေလတ်ဆက်တယ်။
ဒါကတော.ကျွန်မအကြိုက်...
ဒီအသီးတွေလည်း မလေး၇ှားမှာပေါတယ်။ဒီမျှနဲ.ပဲကျေနပ်ပါ။
KUIH (မုန်.)
ဒီနေ.တော.မလေးရှားမှာ(kuih)လို.ခေါ်တဲ.မုန်.အကြောင်းပြောပြချင်ပါတယ်။ သူ.နေ၇ာအလိုက် ရိုးရာမုန်.လို.ခေါ်မလား။ အစားပြေစားစရာလို.ခေါ်မလား ။သူတို.ခေါ်တာကတော.(kuih) ကွေးတဲ.။ မုန်းတွေကတော.ရောင်စုံပါပဲ။
တကယ်တော.ဒီမုန်.တွေက ကျွန်မတို.မြန်မာနိုင်ငံက မုန်.တွေလိုပါပဲ။ ဆန်၊ကောက်ညှင်းတွေနဲ.လုပ်ထားတာပါ။
ဒီမုန်.ကတော. အထဲမှာ အုန်းသီးနဲ.သကြားနဲ.လုပ်ထားတာပါ။ပျော.ပျော.လေးနဲ.စားလို.ကောင်းတယ်။
လှလိုက်တာနော်။စားလို.လည်းကောင်းတယ် ဟီးးးးးးးးး
ဒီမှာနောက်တစ်မျိုး။အောက်ကောက်ညှင်းနဲ.လုပ်ထားတာ။သူတို.တွေကတော.အရမ်းကြိုက်ကြတယ်။မနက်စာ စားတဲ.အချိန်မှာပိုပြီးစားကြတယ်။kuih လို.ခေါ်တဲ.မုန်.တွေကတော.အများကြီးပါပဲ။
ကောက်ညှင်းထုပ်တွေကိုလည်းအဲလိုခေါ်ပါတယ်။ပြီးတော. ကျွန်မတို.မြန်မာမှာရှိတဲ.ကော်ပြန်.ကိုလည်း အဲဒီလိုခေါ်ပါတယ်။
တကယ်လိုအများကြီးသိချင်တယ်ဆို ၇င်တော. google မှာရှာကြည်.နိုင်ပါတယ်။ကျွန်မသိသမျှကိုမျှဝေပါတယ်။
Nasi Lemak ( nasi ရဲ.အဓိပါယ်ကတော.ထမင်း။lemak ကတော.ဝသော။အဲဒီတော. nasi lemak ဆိုတော.....ကိုယ်ဟာကိုယ်စဉ်းစားကြည်.ပါ။
မလေးရှားကိုရောက်စက နာစီလမ (nasi lemak )ဆိုတာကို လူတိုင်းပြောနေကြတော.ထူးဆန်းနေမိတယ်။ ကျွန်မစဉ်းစားမိတယ် တစ်နေ.တော.စမ်းစားကြည်.မယ်ပေါ.။အထူးအဆန်းလို.ပဲထင်နေမိခဲ.တယ်။တကယ်တော. အဲဒါ အုန်းထမင်းဖြစ်နေတယ်။
ထမင်းကို အုန်းနို.နဲ.ချက်ထားတယ်။မြေပဲပါမယ်၊ငခြောက်သေးသေးလေးတွေရယ်၊ကြက်ဥ တခြမ်းရယ်၊သခွါးသီးရယ်၊ကြက်ကြော်ရယ်၊ ပြီးတော.သူတို.ခေါ်တဲ.(samabl ) ဆိုတဲ.ဟင်းအနှစ်ပေါ.၊(samabl)ကတော.စပ်စပ်လေးနဲ. အုန်းထမင်းနဲ.လိုက်အောင်လုပ်ထားတယ်။ကျွန်မတော.ကြိုက်တယ်။မြန်မာဆိုတော.ထမင်းတော. အသေကြိုက်တယ်လေ။
သူငယ်ချင်းများပျော်ရွှင်ပါစေ
CURRY MEE (CURRY ကတော.ဟင်းပေါ. MEE ကတော. ခေါက်ဆွဲကို မလေးလိုခေါ်တာ)
အဟီးးးအစားအစာတွေများကြောငြာသလိုဖြစ်နေမလားပဲ..ပြောသာပြောတာ မလေးအစားအစာထက် တရုတ်အစားအစာတွေကိုပိုကြိုက်တယ်..အမှန်က ဝက်သားကိုပိုကြိုက်တာပါ..မလေးတွေက ဝက်သားမှမစားတာ ကျွန်မကဝက်သားအ၇မ်းကြိုက်တယ်။
CURRY MEE ကို အုန်းနို.နဲ.ချက်ထားတာ။ တစ်ဆိုင်နဲ.တစ်ဆိုင်တော.မတူကြဘူး။ဟင်းထည်.ပေးတာချင်းလည်းမတူဘူး။ဟင်အနှစ်ကောင်းကောင်းချက်
တဲ.ဆိုင်ဆိုအရမ်းစားလို.ကောင်းတယ်။တစ်ချို.က ခရုပါထည်.ပေးတယ်။စားပြီးရင်တော. သွေးတော.နဲနဲတက်တယ်။
အမေ
ဒီနေ.တော.အမေ.အကြောင်းလေးနဲနဲရေးချင်တယ်။အခုတလောအမေ.ကိုသတိ၇နေတယ်။ပြန်လည်းပြန်ချင်နေတယ်။
ဒီမှာနှစ်တွေအကြာကြီးမနေချင်တော.ဘူး။အမေ အသက်ကြီးနေပြီ။ကိုယ်ကတော.ဒီမှာ စားလိုက်သောက်လိုက်နဲ.အချိန်ကုန်မှန်းမသိလိုက်ပေမဲ. ဟိုနေ.ကအမေနဲ. vzoချက်မှ အမေအတော်အသက်ကြီးနေမှန်းသိတော.တယ်။
ဒါကကျွန်မအမေပုံပါ။အမေ အရမ်းရိုးသားတယ်။အေးလည်းအေးတယ်။အမေ.မှာ သမီးနှစ်ယောက်ပဲရှိတယ်။ကျွန်မနဲ.ကျွန်မ အမ နှစ်ယောက်ပဲရှိတယ်။ အဖေကတော.ဆုံးသွားပြီ။အမေ.ပုံကိုကြည်.ပါ ကျွန်မနဲ.မတူဘူးလား။အဲဒါကြောင်.အဖေ ကကျွန်မကိုပိုချစ်တာထင်တယ် ဟီးးးးးးးးကျွန်မ အမေ.နားမှာနေချင်တယ်။ဒါပေမဲ.မပြည်.စုံတဲ.ဘဝမှာ ဒီလိုပဲ ပျော်ရာမှာမနေ တော်ရာမှာနေရမှာပဲလေ။
အမေ.အကြောင်းဆက်ပြော၇အောင် အမေ ကျွန်မအတွက်တော. တန်ဖိုးမဖြတ်နိုင်တဲ.အရာပါ။အမေ ကတောသူတောင်သားဆိုတော.ရိုးသားတယ်။ကျွန်မတို.ဘာပဲလုပ်လုပ်အပြစ်မမြင်တက်ဘူး။
ဘယ်လောက်ပဲပင်ပန်းပါစေ ကျွန်မတို.ကိုလုပ်ကျွေးလာတာ ငယ်ငယ်ကတည်းအခုအချိန်အထိပဲ။အခုကျွန်မတို.အလှည်.ကြမှတာဝန်လဲမကျေဘူး။စိတ်ချမ်းသာအောင်လည်း
မမထားနိုင်ဘူး။အမေ.ကိုချစ်တယ်။
အမေ အ၇မ်းသတိရတယ်။အမေနဲ.အတူ မိုးအေးအေးလေးမှာ တီဗွီကြည်.ရင်းအမေလုပ်ကျွေးတဲ.မုန်.တွေစား၇တာကိုသတိရတယ်။သမီးချက်ကျွေးတဲ. ထမင်းဟင်းတွေကို မငြီးငြူပဲစားတဲ.အမေ.ကိုသတိရတယ်။နေမကောင်းတဲ.အခါမှာလည်း သမီးကိုဂရုတစိုက်လုပ်ပေးတာတွေကိုလည်း တွေး
ရင်း ကျေးဇူးတင်ပါတယ်အမေ။ဒီမှာတစ်ခုခုစားတိုင်းအမေ.ကိုသတိရတယ်။အမေ.မုန်.တွေအရမ်းကြိုက်တက်တော.အ
အ၇မ်းသတိရတယ်အမေရယ်။ဘဝမှာကိုယ်ဖြစ်ချင်ရာတွေကိုဖြစ်ခွင်.မ၇ဘူး။ဘယ်တော.မှဆန္ဒတွေပြည်.ဝမှာလဲ။
အခုအမေ.ကိုဖုန်းခေါ်နေတယ်။ အမေဘာတွေပြောမလဲ။အမေ.ကိုဖုန်းဆက်ပြီးပြီ။ပြန်ချင်ရင်ပြန်လာခဲ.တဲ.။အဟိ ပျော်
လိုက်တာ။
မလေးရှားမိုးနဲ. ကျွန်မ
ဆတ်ခနဲ အိပ်ယာကနိုးပြီး နာရီကြည်.လိုက်တော. 7.30 ..ဟာ..မဖြစ်ဘူးအိပ်ယာထ မှရတော.မယ်..ဟင်..
အပြင်ကိုလည်းကြည်.လိုက်အုံး..မိုးတွေသည်းနေလိုက်တာ..လုပ်ပြန်ပြီ..ဒီမလေးရှား မိုး ကလည်း
မနက်ပိုင်းရွာတာမကြိုက်ပါဘူးဆို...ဘာလိုလိုနဲ.မလေးရှားမိုးတွင်းတောင်ရောက်ပြန်ပြီ..ငါဒီမှာ ဘယ်နှစ်နှစ်တောင်ဖြစ်သွားပြီလဲ
မိုးတွင်း ဘယ်နှစ်ခါကို ဖြတ်သန်းခဲ.ပြီးပြီလဲ..ပြောသာပြောရတာ..မလေးရှားမိုးတွင်းလို.
အတိအကျတော.သိဘူး..မိုးကရွာချင်ရွာနေတာပဲ..အခုလိုရာသီက အများကြီးမိုးရွာလို. မိုးတွင်းလို.ခေါ်တာလား..အဟီးးးး
အတိကျတော.သိဘူး..မလေးရှားမှာ မိုးနဲ.နေ နှစ်ခုပဲမြင်ဖူးတာ..ပူရင်လည်းအသေပဲ..မိုးရွာရင်လည်း အသေအေးတာ..မလေးရှားကိုစရောက်စဆို တော်တော်လေး ကြောက်တာ.မိုးကြိုးတွေကလည်း
ပစ်လိုက်တာ..လေတွေတိုက်..ကျွန်မထင်တာတော. မြန်မာနိုင်ငံထက် ပိုပြီးမိုးသည်းတယ်...
မိုးရွာတာကို ကြိုက်ပါတယ်..ဒါပေမဲ.မနက်ပိုင်း မိုးရွာတာကိုတော.မကြိုက်ဘူး..မြန်မာနိုင်ငံမှာဆို
ကြိုက်တယ်..အလုပ်သွားစရာမှမလိုတာ..ဒီမှာက အလုပ်ကို စက်ဘီးနဲ.သွားရတာ..မနက်ပိုင်းမိုးရွာရင်
အရမ်းဒုက္ခများတာ..ကားတွေက ရှုပ်ရှက်ခတ်နေတာပဲ..ပြီးရင် မိုးတွေက ဆိုရွဲကုန်ရော..မနက်စာလည်းမစားရတော.ဘူး..
အင်း ဒီလိုနဲ.ပဲ မလေးရှားမိုးကို ဖြတ်ကျော်လာတာကြာပါပြီ............ဟင်းးးးးးးးးးး မသွားချင်လည်းသွားရမှာပဲ(အလုပ်)
ကျွန်မနှင်. မလေး၇ှားသူငယ်ချင်းများ
ဘလော.မှာ စာတွေရေးချင်နေတာ..ဘာရေးရမှန်းလည်းမသိ..အခုတော.
အလုပ်မှာသူဌေးလည်းမရှိတော. အေးဆေးပဲ..သူများဘလော.လေးတွေကြည်.လိုက်..ဖေ.ဘွက်ကြည်.လိုက်နဲ.
အလုပ်ကိုဖြစ်နေတာပဲ..အဲလိုပဲလေ
အလုပ်မှာသူဌေးမရှိတဲ.အချိန်တွေဆိုငြိမ်းချမ်းတယ်..ကျွန်မတစ်ယောက်တည်းမဟုတ်ဘူးနော်..အားလုံးငြိမ်းချမ်း
တာ...သူတို.လည်း ကျွန်မလိုပဲ အွန်လိုင်မှာ ဟိုဟာဝယ်မယ်..ဒီဟာဝယ်မယ်နဲ. အငြင်းပွားနေကြတာ..
တရုတ်မတစ်ယောက်ကတော. သူ.အချစ်နဲ. Q နေတယ်..နောက်တစ်ယောက်က အဖွားကြီး
တရုတ်မပဲ..သူက ခရီးသွားရတာဝါသာနာပါတယ်..သူကတော. သူဌေးမရှိချိန်တွေဆို..သူငယ်ချင်းတွေနဲ.
ခရီးသွားဖို.အကြောင်းပြောပြီ..နောက်တစ်ယောက်ကတော. အွန်လိုင်းသရဲ..ရောက်တာနဲ.
အွန်လိုင်းဖွင်.တော.တာပဲ..ဒီနေ.တော. သူ.အကြိုက်ပေါ. နာက်တစ်ယောက်ကတော. မလေးမ
သူကလည်း အွန်လိုင်း သရဲပဲ..ဖုန်းနဲ.သုံးတယ် အားမရရင် ကွန်ပျူတာဖွင်.သုံးတယ်..သူကပြောသေးတယ်
သူဌေးအလုပ်ပြီးပြီ..ငါအလုပ်ငါလုပ်ရမယ်တဲ. သူကအွန်လိုင်းမှာ
မလေးအင်္ကျီတွေရောင်းတယ်လေ..ခဏခဏ ဝယ်ခိုင်းနေလို. ပတ်ပြေးနေရတယ်...သူတို.အားလုံး
ခင်ဖို.အရမ်းကောင်းတယ်...အစားဆိုလည်းအရမ်းကျွေးတယ်.. သူတို.'ဝ' မှာဆိုးလိုတဲ.
ကျွန်မကိုပဲကျွေးတာ.. အဟီးး (အဲလို.တော. ဟုတ်လောက်ပါဘူးနော်)..သေချာတာကတော. ကျွန်မ
ပိုပိုပြီး'ဝ' လာပြီ....:D အလုပ်မှာနေရတာက အရူးလိုပဲ
သူတို.တွေက တစ်နေ.ကိုတစ်မျိုး၇ူးကြတာ အဟီးးးး(အတင်းပြောတာ) ..ပိန်ချင်တဲ.သူနဲ. ဝချင်တဲ.သူနဲ.
သူတို.ကိုတွေ.နေရတာ တရားတောင်ရချင်လာပြီ :P.... ထမင်းအတူသွားစားတဲ.တရုတ်မဆိုလေ
သူအရမ်းပိန်ချင်တာ.. သူဝိတ်ချမယ်ဆိုရင်
အစားမစားဘူး..ကျွန်မတို.ကိုလည်းအပြင်ခေါ်မသွားနိုင်ဘူး..ငါအစားလျော.တော.မယ်..အဲလိုပေါ.
ဒီလိုနေ.မျိုးဆို အနားမှာရှိတဲ. တရုတ်ဆိုင်ကိုပြေးစားရတာပေါ. သူမကြာပါဘူး ၂ ရက်လောက်ဆို
ပုံမှန်ဖြစ်သွားပြီ..သူ.အကြောင်းကိုကျွန်မတို.သိနေပြီလေ..
မစားပဲခံနိုင်ရည်မရှိဘူးလေ.. ဘာပဲဖြစ်ဖြစ် သူတို.တွေ နဲ.နေရတာ ပျော်စရာကောင်းတယ်..
ကျွန်မအပေါ်ကိုအရမ်းကောင်းကြတယ်..ကူညီတယ်..အစားဆိုလည်းကျွေးတယ်..အစစ အရာရာ
အကူအညီတောင်းလို.ရတယ်...တော်သေးတာပေါ. နိုင်ငံ၇ပ်ခြားမှာ ဒီလိုစိတ်ထားကောင်းတဲ.သူတွေနဲ.
တွေ.ရလို.ပေါ.
အင်္ကျီဖြူနဲ.ကမလေးမ..အနောက်ကတရုတ်မ..သူကအ၇မ်းပိန်လို.စိတ်ညစ်နေတာ..မလေးမက
"ဝ"နေလို.ဝိတ်ချနေတာ..
သူပေါ. ထမင်းအတူသွားစားတဲ.သူ..သူလည်း"ဝ"နေလို.ဝိတ်ချနေတာ.. ဝိတ်ချမချတော.မသိဘူး
ကျွန်မတွေ.တာတော. အစားပဲစားနေတာ..
သူငယ်ချင်းကောင်းလေးတွေ တွေ.ရလို. .. ကျွန်မပြန်သွားလည်းသူတို.တွေကိုအမြဲအမှတ်ရနေမှာပါ....
No comments:
Post a Comment