Sunday, November 25, 2012

ကြက်ကလီစာချက်နှင် မျှစ်သုပ်


ဒီနေ.တနင်္ဂနွေနေ. နေကလည်းပူလိုက်တာ.အခါတိုင်းရက်တွေဆိုမိုးကခဏခဏရွာတယ်..ဒီနေ.တော.နေသာ
တယ်..ဘာချက်စားရင်ကောင်းမလဲလို. စဉ်စားလိုက်တော. ပထမတော. ဘာကွတ်တေး(BAK KUT TEH) ချက်စားမဲ.အစီအစဉ်..ပူပူအိုက်အိုက်နဲ. ဟင်းရည်လေးသောက်ပြီးစားမယ်ပေါ..။အဲလိုနဲ.ဈေးကိုထွက်သွား
လိုက်တာ..အစီအစဉ်ပြောင်းသွားတယ်..ဟဲဟဲ.ကြက်ကလီစာ ဈေးသက်တာတယ်ဆိုပြီးဝယ်လာလိုက်တယ်..
တစ်ထုပ် ၃ ကျပ်တဲ. ။အဟီးးးးးးးအတော်ပဲ ဈေးသက်တာဆိုကြိုက်တယ်မဟုတ်လား။တစ်ထုပ်အများကြီးရ
တယ်..။သေချာတော.ကိုင်ဖို.လိုတယ်.။ဟင်းတစ်မျိုးတော. အဆင်ပြေသွားပြီ.။နောက်တစ်မျိုးတွဲဖတ်စား
ဖို.စဉ်းစားရပြန်ရော။မျှစ်သုပ်စားဖို.ဆုံးဖြတ်လိုက်တယ်.။ချဉ်ချဉ်စပ်စပ်နဲ. ရေနွေးလေးနဲ.။ပြောရင်းသရေကျလာ
ပြီ။ကိုယ်ချက်တာကို ကိုယ်ဟာကိုယ်အားပေးတာ ဟီးးးးးးးးးး။





ဒါကတော. ရိုးရိုးဆီပြန်ပဲချက်လိုက်တယ်..မဆလာများများလေးနဲ.။

မျှစ်သုပ်


ပါဝင်သောပစ္စည်း...

၁)မျှစ်(အချဉ်မဟုတ်ပါ)

၂)ရှောက်ရွက်

၃)နံနံပင်

၎)ကြက်သွန်ဖြူ

၅)ငပိ(မျှင်ငပိ) အနည်းငယ်

၆)အချိုမှုန်.

၇)ဆား

၈)ငရုတ်သီး

၉)သံပုရာသီး


 အရင်ဆုံးမျှစ်တွေကို ပြုတ်လိုက်ပါ။မျှစ်ပြုတ်နေချိန်တွင် အဆာပလာများအတွက်စီစဉ်ပါ။
ရှောက်ရွက်များနှင်.နံနံပင်များကိုရိတ်ရိတ်လှီးပါ။ငရုတ်သီးကိုလည်းလှီပါ။ကြက်သွန်ဖြူကို ထူထူလေး
လှီးပါ။ပြီးတော. ငပိကင်ပါ။

မျှစ်များကို ကိုယ်ကြိုက်တဲ.ပုံစံပြုလုပ်ပါ။ ပြီးလျင်တော. ငပိ.ဆား.အချိုမှုန်.နှင်.အဆာပလာများထည်.ပြီး
နယ်။အရသာမြည်း ။သံပရာသီးညှစ်ထည်.။ထို.နောက်တွင်တော.အ၇သာကောင်းသောမျှစ်သုပ်ချဉ်စပ်
လေး စားလို.ရပါပြီ။လုပ်ရလွယ်ကူပြီးစားကောင်းသောမျှစ်သုပ်လေးပါ။







Google မှပုံ

ထမင်းပူပူလေး/ကြက်ကလီစာချက်/ မျှစ်သုပ်ချဉ်စပ်လေးနှင်.ေ၇နွေးကြမ်း ကိုသုံးဆောင်နိုင်ပါပြီ၇ှင်။

No comments: