Monday, November 26, 2012

တရားစာများ

ခွင့်လွှတ်ခြင်းဖြင့်သာ.
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့........ အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲနော်။

လူဆိုတာမှားတတ်ပါတယ်။



ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။



(ဆရာတော်ဦးဇောတိက)
 DOH YOTE ဖေ.ဘွက်မှ ကူးယူဖော်ပြသည်။





















ကိုယ့်စိတ် ကိုယ်သိသူ...

  
ကိုယ့်စိတ်ကိုသိသွားတဲ့သူဟာ တည်ငြိမ်ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်ကိုရရှိသွားတဲ့ အတွက်..သူတစ်ပါး ကိုယ့်ကို အထင်ကြီး
သလား..သေးသလားဆိုတာ အချိန်ကုန်ခံပြီး တွေးမနေဘူး......

ကိုယ်လုပ်စရာရှိတာကို ကိုယ့်ဟာကိုယ်ကြိုးစားပြီးတော့ တန်ဖိုးထားပြီးတော့ လုပ်သွားတယ်.....လုပ်သွားရတာကိုပဲ ကိုယ့်ဟာကိုယ် ကျေနပ် ပြီး နေတာပဲ.....

သူများတန်ဖိုးထားတာ မထားတာ အရေးမကြီ...

ပညာရှိနှုင့် ပညာမဲ့



ပညာရှိ နှင့် ပညာမဲ့သည် အပေါ်ယံတွင်တော့ သူလည်း ဒါနသီလပြု .. ငါလည်းဒါန သီလပြု .. သူလည်း သားရှင်ပြု ...ငါလည်းသားရှင်ပြု....တူနေကြတာပဲ....ဒါပေမယ့် အတွင်း စိတ်ဓာတ်ကတော့ အဖြူနဲ့ အမည်းကွဲလွဲကြတယ်....

၁) ပညာမဲ့က ငါကောင်းစားဖို့ ဒါနပေးတယ်..ပညာရှိက သာသနာတော်ကို  ပူဇော်ခြင်းငှာ ဒါနပေးတယ်....
၂) ပညာမဲ့က ငရဲကြောက်၍ ငါးပါးသီလ မြဲတယ်...ပညာရှိက မမြဲသောခန္ဒာကိုယ်ကြီးကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်...
၃) ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ်စောင့်တယ် ..ပညာရှိက တစ်နေ့တစ်ရက် တဏှာကျွန်အဖြစ်မှ ငြိမ်းချမ်းတဲ့သုခကို လို၍        ဥပုသ်စောင့်တယ်......
၎) ပညာမဲ့က ငါတို့ဘုန်းကြီးမှ ဂစ္ဆာမိတယ်...ပညာရှိက သံဃာစစ်မှ ဂစ္ဆာမိတယ်......
၅) ပညာမဲ့က ထုံးစံကို လေးစားတယ် ....ပညာရှိက မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို လေးစားတယ်.......
၆) ပညာမဲ့က အများကောင်းရင် လိုက်ကောင်းတယ်....ပညာရှိက အများကောင်းတိုင်းလိုက်၍မကောင်း.....
၇) ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံကြည်တယ်...ပညာရှိက နာမည်ကြီးတိုင်းလဲ လိုက်၍မယုံ.....
၈) ပညာမဲ့က အထူးအဆန်းကိုမြတ်နိုးတယ်...ပညာရှိက သဘောမှန်မှ မြတ်နိုးတယ်....
၉) ပညာမဲ့က ရွှေထူတဲ့ ဘုရားမှလေးစားတယ်...ပညာရှိက ဘုရားနှစ်မျိုးမထား...တစ်သားတည်းထားတယ်....
၁၀) ပညာမဲ့က ဘုရားရှာထွက်လေ့ရှိတယ်....ပညာရှိက ဂုဏ်တော်ကိုးပါးကို အခွင့်ရတိုင်း ပွားများ၍နေတယ်...

အတွင်းသဘောချင်းမကွာဘူးလားတဲ့...

ကျေးဇူးတော်ရှင် နမ္မား ဆရာတော်ကြီး အရှင်ဥာဏ....


 DOH YOTE ဖေ.ဘွက်မှ ကူးယူဖော်ပြသည်။

စိတ်ကိုယဉ်ကျေးအောင် ဆုံးမခြင်း...( ဦးရွေအောင် )

  
စိတ်ကို ယဉ်ကျေးအောင် ဆုံးမရာတွင် ...ထမင်းချက်သလိုပင်လုပ်ရဧ။်.....။
စိတ်က ဆန်....သဒ္ဓါက အိုး.....သမာဓိကရေ....၀ီရိယက မီး....သတိက ယောက်မ ...ပညာက ထမင်းချက်သူ .. ဒါနသီလ ဘာဝနာက ဖိုခုံလောက် သုံးလုံး...။ ထမင်းနပ်မှ အာဟာရ ဖြစ်သလို စိတ်ယဉ်ကျေးမှချမ်းသာဧ။်.....။
ထို့ကြောင့်
(၁) ဆန်နှင့် တူသော စိတ်ကို ...အိုးနှင့် တူသော သဒ္ဓါ၌ ထည့်ရဧ။် ..။ ထို့နောက်
(၂) ရေနှင့်တူသော သမာဓိကို အလောတော် ထည့်ရဧ။်.
(၃) ဒါန...သီလ...ဘာဝနာတည်းဟူသော ...ဖိုခုံလောက် ၃ လုံးပေါ်၌ တင်ရဧ။် ...။
(၄) မီးနှင့်တူသော ၀ီရိယ ကို ရေနှင့်လိုက်အောင် ထိုးရဧ။် ...။
(၅) ယောက်မနှင့်တူသော သတိဖြင့် အမြဲမပြတ်မွှေရဧ။် ....။
(၆) ချက်သူနှင့်တူသော ပညာက နပ်သည် မနပ်သည်ကို ကြည့်ရဧ။် ....။
နပ်သော ထမင်းသည်သာ အာဟာရကို ဖြစ်စေနိုင်သလို ...ယဉ်ကျေးသော စိတ်သည်သာ ချမ်းသာကို ဖြစ်စေနိုင်သည် ..။
စိတ်ကို ယဉ်ကျေးအောင် ဆောင်ရွက်ရာတွင် ဣနြေ္ဒငါးပါးကို ညီညွတ်အောင်ထားရဧ။် ....
သဒ္ဓါနှင့် ပညာက တတွဲ....၀ီရိယနှင့် သမာဓိက တတွဲ....သတိကမူ အားလုံးအပေါ်၌ ရှိရဧ။်.....။

သတိဟူသည် ပိုသည်မရှိ...လိုသည်သာရှိဧ။်....

သဒ္ဓါနှင့်ပညာတို့ကား အပိုအလိုရှိတတ်ဧ။် ... ။

ထို့ကြောင့် အပိုအလို မရှိမျှအောင် ဆောင်ရွက်ရာဧ။်..... ထိုသို့ဆောင်ရွက်မှသာ စိတ်သည် ယဉ်ကျေးမည်ဖြစ်ဧ။်....
ဦးရွှေအောင် ဧ။်  ဓမ္မပဒကောက်နုတ်ချက်စာစု များမှ ပြန်လည် မျှဝေပါသည်
 DOH YOTE ဖေ.ဘွက်မှ ကူးယူဖော်ပြသည်။



ဆရာတော် အရှင်ဇ၀န ( မေတ္တာရှင် ရွှေပြည်သာ )

မည်သည့် အလုပ်မဆို
အောင်မြင်လိုလျှင်
အကြာကြီးလုပ်ပါ.....
အစွမ်းကုန်လုပ်ပါ.......
မပြတ်မရပ်မနားလုပ်ပါ .....
လေးလေးစားစားလုပ်ပါ.......
တက်ကြွ ပျော်ရွှင်စွာလုပ်ပါ......

ဘိုးဘွားများကို စောင့်ရှောက် ခြင်းသည် .... ဒါနပြုခြင်းပင်ဖြစ်ဧ။် .....
ထိုဒါနပါရမီ ထိုက်ဖို့အတွက် နေက္ခမ္မ သဘောလည်း ပါရဧ။် .....
ဥပေက္ခာ သဘောလည်းပါရဧ။် .....

နေက္ခမ္မသဘောဟူသည် နောင်ဘ၀ချမ်းသာလိုခြင်း ... နာမည်ကြီးလိုခြင်း ....ဟူသော လောဘမှ ထွက်မြောက်နိုင် ခြင်းပင်ဖြစ်ဧ။် ....

ဥပေက္ခာ သဘောဟူသည်....ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း တို့ကို နှလုံးမသွင်းခြင်းပင်ဖြစ်ဧ။်......

ထိုသဘော နှစ်မျိုးပါသော ဒါနသည်သာ ပါရမီထိုက်သည် .....ပါရမီထိုက်သောဒါနသည်သာ နိဗ္ခာန် ရဖို့ အထောက်အပံ့ကိုဖြစ်စေသည်.....

မိမိကိုယ်ကို ပရဟိတ လုပ်ငန်း အတွက် အသုံးချပါ.....ပရဟိတလုပ်ငန်းကို မိမိအတွက် အသုံးမချပါနှင့်......


ဘိုးဘွားရိပ်သာ အသစ် တည်နေရာ.....
ရန်ကုန်တိုင်းဒေသကြီး .. ရွှေပြည်သာ မြို့နယ်...
အမှတ် ၈ ရပ်ကွက် . မင်းရဲကျော်စွာလမ်းထိပ်....
အောင်မေတ္တာ ကျောင်းတိုက် .

သြ၀ါဒစရိယ ဆရာတော်  .. အရှင်ဇ၀န ( မေတ္တာရှင် . ရွှေပြည်သာ )
နာယကဆရာတော် ...ဦးပညာဝံသ....



မည်သည့် အလုပ်မဆို
အောင်မြင်လိုလျှင်
အကြာကြီးလုပ်ပါ.....
အစွမ်းကုန်လုပ်ပါ.......
မပြတ်မရပ်မနားလုပ်ပါ .....
လေးလေးစားစားလုပ်ပါ.......
တက်ကြွ ပျော်ရွှင်စွာလုပ်ပါ......

ဘိုးဘွားများကို စောင့်ရှောက် ခြင်းသည် .... ဒါနပြုခြင်းပင်ဖြစ်ဧ။် .....
ထိုဒါနပါရမီ ထိုက်ဖို့အတွက် နေက္ခမ္မ သဘောလည်း ပါရဧ။် .....
ဥပေက္ခာ သဘောလည်းပါရဧ။် .....

နေက္ခမ္မသဘောဟူသည် နောင်ဘ၀ချမ်းသာလိုခြင်း ... နာမည်ကြီးလိုခြင်း ....ဟူသော လောဘမှ ထွက်မြောက်နိုင် ခြင်းပင်ဖြစ်ဧ။် ....

ဥပေက္ခာ သဘောဟူသည်....ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း တို့ကို နှလုံးမသွင်းခြင်းပင်ဖြစ်ဧ။်......

ထိုသဘော နှစ်မျိုးပါသော ဒါနသည်သာ ပါရမီထိုက်သည် .....ပါရမီထိုက်သောဒါနသည်သာ နိဗ္ခာန် ရဖို့ အထောက်အပံ့ကိုဖြစ်စေသည်.....

မိမိကိုယ်ကို ပရဟိတ လုပ်ငန်း အတွက် အသုံးချပါ.....ပရဟိတလုပ်ငန်းကို မိမိအတွက် အသုံးမချပါနှင့်......


ဘိုးဘွားရိပ်သာ အသစ် တည်နေရာ.....
ရန်ကုန်တိုင်းဒေသကြီး .. ရွှေပြည်သာ မြို့နယ်...
အမှတ် ၈ ရပ်ကွက် . မင်းရဲကျော်စွာလမ်းထိပ်....
အောင်မေတ္တာ ကျောင်းတိုက် .

သြ၀ါဒစရိယ ဆရာတော်  .. အရှင်ဇ၀န ( မေတ္တာရှင် . ရွှေပြည်သာ )
နာယကဆရာတော် ...ဦးပညာဝံသ....

DOH YOTE ဖေ.ဘွက်မှ ကူးယူဖော်ပြသည်။

Note : တ၇ားစာတွေ.ဆုံးမစာတွေဖတ်ရတဲ.အခါတိုင်း အသိတရားတစ်ခုခုရလာတယ်။ကိုယ်လိုပဲသူများတွေကိုလည်းကျေနပ်စေချင်သောကြောင်. ကူယူဖော်ပြခြင်းဖြစ်ပါသည်။
   အပြည်.အစုံဖတ်လိုသူများ ဖေ.ဘွက်မှသွားရောက်ဖတ်ရှူနိုင်ပါသည်။

No comments: