သင်ဟာ သူတော်ကောင်းမဖြစ်ချင်နေပါ လူယုတ်မာမဖြစ်ပါစေနဲ့။
သင်ဟာ အပြောကောင်းသူမဖြစ်ချင်နေပါ လိမ်ညာပြောတတ်သူ မဖြစ်ပါစေနဲ့။
သင်ဟာ လူအများရဲ့စံပြမဖြစ်ချင်နေပါ အပြစ်ရှာဝေဖန်တတ်တဲ့သူ မဖြစ်ပါစေနဲ့။
သင်ဟာ အချစ်သူရဲကောင်းမဖြစ်ချင်နေပါ အချစ်ကြောင့်ဘ၀ကိုအရှုံးပေး တဲ့သူ မဖြစ်ပါစေနဲ့။
သင်ဟာ ဘ၀မှာဘာမှမဟုတ်သေးရင်တောင် မျှော်လင့်ချက်မဲ့သောသူ၊ ရည်၇ွယ်ချက်မဲ့သောသူ မဖြစ်ပါစေနဲ့။
သင်ဟာ လူချမ်းသာမဖြစ်ရင်တောင် စိတ်ချမ်းသာတဲ့သူဖြစ်ပါစေ။
သင်ဟာ သင်ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် အမြဲလိပ်ပြာလုံသူဖြစ်ပါစေ။
သင်ဟာ ပြန်လှည့်လို့မရတဲ့အတိတ်ကိုတွေးပြီး အချိန်ကုန်မခံပါနဲ့ သင့်ရှေ့
မှာ သင်ကိုယ်တိုင်တည်ဆောက်မည့် လှပတဲ့အနာဂတ်က အသင့်စောင့် ကြိုနေတာ သတိရပါ။
No comments:
Post a Comment