အခုတစ်လောသိပ်နေမကောင်းဘူး..တုပ်ကွေးလားမသိပါဘူး..ခေါင်းကိုက်ပီး နှာစေးနေတယ်။မလေးရှား
ရာသီဥတုသိပ်မကောင်းဘူး။လူတိုင်းလိုလိုပဲ ဖျားနေကြတယ်။ပြန်လည်းပြန်ချင်နေတယ်။ ။.
အိမ်ကိုသတိရနေပီ။ ။ဒီတစ်ပါတ်တနင်္ဂနွေ ရာသီဥတု ပူလိုက်အေးလိုက်နဲ. အိမ်ကိုလွမ်းပီးတော.
နေမကောင်းတဲ.ကြားက ချက်ထားတဲ.ဟင်းလေးတွေ။ ။
ငါးတံခွန်ငါးကြော်နှပ်
အသိ အမကြီးတစ်ယောက်က ညွန်လို.ဝယ်စားတာ.။ ချိုတယ်တဲ.။ငါးတံခွန်ဆို ငါးခြောက်ပဲစားဖူးတာ။ ။
အသားချည်ပဲလေ။ ။ငါးထောင်းလုပ်စားကြတာ။ ငါအဆိုတော.မစားဖူးဘူး။စားလို.ကောင်းသားပဲ။
ဈေးလည်းသက်သာတယ်။တစ်ကီလို 6 ကျပ်ပဲ။အများကြီးရတယ်။ကျွန်မဝယ်လာတာ 4 ကျပ်ဖိုးပဲရှိတယ်။
အတုံးသေးသေးလေတွေတုံးပီးတော. ကြော်လိုက်တယ်။ပီးမှ ကြက်သွန်။ငရုတ်သီးနဲ.ရောကြာ်ပီးနှပ်လိုက်
တယ်။ ဈေးပေါပေါနဲ. အရသာကောင်းကောင်းလေးစားလို.၇တယ်လေ။
အမဲသားကြော်
အမြဲပဲ ဝက်သားစားနေရတာ သိပ်မကောင်းဘူးလို. စိတ်ထဲမှာထင်နေတယ်။တရုတ်မတွေနဲ.အမြဲလိုက်စား
တော.ဝက်သားပဲစားနေ
နောက်တစ်မျိုး၇ှိသေးတယ်။ဟဲဟဲ။နေမကောင်းဘူးပီးတော. အိမ်ကိုသတိရပီးချက်ထားတဲ.ဟင်းတွေလေ။
အရမ်းအရသာရှိတယ်။အလွမ်းပြေဟင်းတွေပေါ. ဟဲဟဲ
ချည်ပေါင်ရွက်ကြော်
ချည်ချည်စပ်စပ်လေး။ကောင်းမှကောင်း။
အားပေးကြပါအုံးနော်။ ။းP
Monday, March 11, 2013
Monday, March 4, 2013
မရိုးနိုင်တဲ. မျှစ်သုပ် နဲ. ပုဇွန်ကြော်
ဒီတစ်ပါတ်တနင်္ဂနွေနေ. သူငယ်ချင်းက မျှစ်သုပ်ပေးပါဆိုလို.။ စိတ်ထဲက စားချင်လာတယ်။ ။
စဉ်စားစရာမလိုပဲ တနင်္ဂနွေနေ.အတွက် ဟင်းချက်ဖို.အစီအစဉ်လေးရသွားတယ်။ ။သူငယ်ချင်းက
တောင်းတောင်းတတ စားချင်တယ်ဆိုတော. ဟဲဟဲ ..ကျွန်မလက်ရာကောင်းလို.ဖြစ်မယ်။ ။
ကျွန်းမ မြန်မာမှာနေတုန်းက မျှစ်သုပ်မစားဖူးဘူး။ ။ဒီကိုေ၇ာက်တော. အသိ မွန်လူမျိုးတွေက မျှစ်ကို
အချဉ်ထည်.ပီးသုပ်စားတာကို စားဖူးပီးကတည်းက သုပ်စားတော.တာပဲ။ ။သူတို.ကကိုယ်တိုင်လုပ်
မျှစ်ချဉ်ဆိုတော. ကောင်းတယ်။ ။အပြင်က အချဉ်ထည်.ပီးသားတွေက အချဉ်အရမ်းစူးတယ်။ ။
တစ်ခါတလေ သူတို.က မျှစ်ကို ပုဇွန်နဲ.ရောပီးအချဉ်ထည်.တာ။ ။ အဲဒါကိုသုပ်လည်းစားကောင်းတာပဲ။ ။
ကိုယ်ကမြန်မာဆိုတော. အချဉ်အစပ်ဆိုသိပ်ကြိုက်တာပဲ။ ။တရုတ်တွေက ကျွန်မစားတာကိုကြည်.ပီး
အံသြနေကြတယ်။ ။
စားလို.ကောင်းတယ်။ ။ကြိုက်လို.လည်းဖြစ်နိုင်တယ်။ ။
ပုဇွန်ကြော်
မလေးရှားမှာနေရတာ ရွာမှာနေရသလိုပဲ။ ။တပါတ်ကိုတစ်ခါ ဈေးကားလာတယ်။ ။ဈေးသက်သာတယ်
ပြောတာပဲ။အားလုံးက မြန်မာလူမျိုးရောင်းလို.လားမသိဘူးအားပေးကြတယ်။ ။ဈေးလည်းနီးနီးလေးကို
အဲဒီ.အသည် လာတာကိုစောင်.နေကြတယ်။ ။ကျွန်မလည်း သူများက ဈေးသက်သာတယ်ဆိုတာနဲ.
အဲဒီကနေပုဇွန်ဝယ်လိုက်တယ်။ ။
ဆီများသွားတယ်။ ။ခြောက်အောင်ကျော်မှာဆိုတော.ဆီနဲနဲများထားတာ။ ။ဆီတွေကိုမကြိုက်ဘူး။
ဆီမပါတော.လည်း ချက်ရတာအဆင်မပြေသလိုပဲ။ ။အဲဒါမြန်မာတွေရဲ.အကျင်.ထင်ပါရဲ.။ ။တရုတ်ဆိုင်
သွားရင်တော. ချောင်းဆိုးသွားမယ်။ ။ဆီမပါပဲကြော်နေ . ချက်နေလို.။ ။ဟဲဟဲ။ ။အားပေးအုံးနော်။
အ

Subscribe to:
Posts (Atom)