Wednesday, December 19, 2012

MEE (NODDLE)

တရုတ်မတွေနဲ.သွားစားခဲ.တဲ. mee (noddle) ခေါက်ဆွဲများ။နေ.လည်ထမင်းစားချိန်ဆို သူတို.က ထမင်းစားတာနဲတယ်။ ခေါက်ဆွဲ။ကြာဇံ။နဲ.တခြားဟာတွေပဲစားတာများတယ်။ တစ်ချိုက 'ဝ'နေလို. ထမင်း
မစားချင်ဘူးတဲ.။ကျွန်မအတွက်တော.ကောင်းတာပေါ. အမျိုးမျိုး ကိုယ်မသိတာတွေစားရတယ်.ဒါပေမဲ.
အစကတည်းကကြိုပြောထားတယ်။ဈေးကြီးတာတွေမစားဘူးလို.။ဟဲဟဲ ..ကိုယ်.လစာကသူတို.တဝက်
လောက်တောင်ရတာမဟုတ်ဘူးလေ။တစ်ခါတလေတော. သူတို.ကျွေးတယ်။

hokkien mee


စားလို.ကောင်းတယ်။တကယ်ဆို ခေါက်ဆွဲသိပ်မကြိုက်ဘူး။ဒါပေမဲ.ဒီခေါက်ဆွဲစားလို.ကောင်းတယ်။
ဝက်ဆီဖတ်နဲ.ကြော်ထားတာ။ပထမတစ်ခါစားကောင်းလို. ဒါဒုတိယအကြိမ်သွားစားကြတာ။ဈေးလည်းသက်
သာတယ်လေ :D

mum yee mee

သူ.အရသာလည်းကောင်းတယ်။ yee mee ကိုကြော်ထားတာ။ဝက်ဆီဖတ်နဲ.ပဲ။စားလို.ကောင်းတယ်။

yee mee

'
ဒီခေါက်ဆွဲက အကြွပ်ကြော်ထားတာ။မြန်မာနိုင်ငံက ကော်ရည်လိုပါပဲ။

Wan Tan Hor(cantonese kuey teow)


အပေါ်က တစ်ခုနဲ.တူတယ်။ အထဲကထည်.တဲ. ခေါက်ဆွဲကွာသွားတယ်။ဒါက ( kuey teow) ထည်.ထားတာ။ ညှပ်ခေါက်ဆွဲလား မသိဘူး။အဟီးးးးး 

Pan Mee


ဒါလည်း Pan Mee

ခေါက်ဆွဲပဲပြောင်းသွားတာ။

စာကြွင်း။   ။အားလုံးစားလို.ကောင်း၏။


Friday, December 14, 2012

မလေးရှား JOGOYA JAPANESE BUFFET နဲ.ကျွန်မ

14/12/2012မနေ.ညကသွားခဲ.တဲ. JOGOYA JAPANESE BUFFET...နောက်တစ်ခါတော. တော်ပြီ။အလုပ်က လူတွေ စုပြီးတော.သွားစားကြတာ။အမှန်တကယ်ကိုမလိုက်ချင်ဘူး။ပိုက်ဆံမရှိတာကတစ်ကြောင်း  မသွားချင်တာကတစ်ကြောင်း။ဒါပေမဲ.မ၇ဘူး။
ပိုက်ဆံမရှိရင် စိုက်ပေးထားမယ်။အိမ်ပြန်ပို.မဲ.သူမရှိရင်လိုက်
ပို.မယ်။အမျိုးမျိုးမြူဆွယ်နေတယ်လေ။ သူတို.က ကျွန်မကိုစေတနာနဲ.သွားစေချင်ကြတာပါ။နောက်နှစ်ဆို
ပြန်မယ်ဆိုတော.။သူတို.လည်း တနှစ်ကြာလိုတစ်ခါမသွားဖြစ်ကြဘူးတဲ.။ပြီးတော. အဆိုးဆုံးက Buy One Free One ဖြစ်နေတော. သွားဖြစ်အောင်သွားပါတဲ.။ဟင်းးးးးးးးးးးးးစိတ်လျော.ပြီးလိုက်ရတာပေါ...
ဒီတစ်ပါတ်သောကြာနေ.ကBuy One Free One တဲ.။
ပလိုမိုးရှင်းက ဒီနေ.နောက်ဆုံးလို.ပြောတယ်။။။။။။။။။။တခြားနေ.တွေဆို တစ်ယောက်ကို Rm 115.00 .
အခုအားလုံးမျှပေးတော. တစ်ယောက်ကို Rm 57.40 ပဲကျတယ်။
ဒီပုံက ရောက်သွားတဲ.အချိန်9း00 ကျော်ပေါ.။စတဲ.အချိန်က 8နာရီ။သူများတွေစားလို.ကုန်မှေ၇ာက်သွား
တာ။အဖြစ်ကတော.လေ.. jogoya ကိုရောက်ဖို.ကမ္ဘာပါတ်ရသလိုပါပဲ။အဲဒီအနားလေးတင်ပဲ ကားကခဏ
ခဏပါတ်နေတယ်။အိမ်ကထွက်တာက 6း40 .အဲဒီ.နားမှာပတ်နေတာတင်တော်တော်ကိုကြာသွားတယ်။
ကျွန်မအထင်မရောက်တော.ဘူးထင်တာ။အဲဒီနေ.ကဖြစ်ချင်တော. တရုတ်မ အသစ်(New Staff) နဲ.အတူလိုက်သွားမိတယ်။တရုတ်မကခပ်တည်တည်ပဲ။သူလမ်းမသိဘူး။ဘာမှလည်းမပြောဘူး
GPS နဲ.သွားမယ်ပေါ.။သူဟာနဲ.သူ ဟုတ်နေတာပဲ။တကယ်တော.ဘာမှလည်းမသိဘူး။ခေါင်းတွေကိုမူးသွား
တာပဲ။ဖုန်းတွေကလည်းခေါ် ကျွန်မလည်းမသိဘူးလေ။နိုင်ငံသားတောင်မသိရင်ကျွန်မတော.ဝေးပေါ.။
ေ၇ာက်တော.မစားနိုင်တော.ပါဘူး။ဒါပေမဲ.တော်သေးတာပေါ. ပိတ်ချိန်ရောက်မသွားတာ။တစ်နာရီတော.
စားဖို.အချိန်ရသေးတယ်။
အစားအစာတွေတကယ်ကောင်းပါတယ်။







အားလုံးဈေးကြီးတဲ.အစားအစာတွေပဲ။အချိုပွဲတွေလည်း တော်တော်ကိုအရသာရှိတယ်။


ဒါပေမဲ. ဘယ်သူမှအများကြီးမစားနိုင်ဘူး။ကြည်.တာနဲ.တင်တော်တော်ဗိုက်ပြည်.နေပြီ။

ဆူရှီ(Sushi) လည်းကောင်းတယ်။




အုန်းရေလည်းကောင်းတယ်။


အပြန်မှာတော. ကျွန်မ အဲဒီ.တရုတ်မနောက်မလိုက်ရဲတော.ဘူး။တခြားတစ်ယောက်ကလိုက်ပို.တယ်။
နောက်တခါ အဲလိုသွားရမယ်ဆို တော်ပြီ။။။။။။။။မလေးရှားရဲ.အမှတ်တရတွေပေါ.။

Thursday, December 13, 2012

YONG TAU FU AND KUEH TEOW

ဒီနေ.နေ.လည်ထမင်းစားချိန်သွားစားဖြစ်တဲ.ကွေးသရောင်။စားလို.ကောင်းတယ်။ပထမတစ်ခါ စားကြည်.

တော.ကောင်းလို. ဒါဒုတိယအကြိမ်သွားစားတာ။အဲဒီ.ဆိုင်က yong tau fu ဆိုင်။အမြဲတမ်းအဲဒါတွေပဲစား

နေတာ။ ကျွန်မမကြိုက်ဘူး။ ကြော်ထားတာတွေဆိုပိုဆိုးတယ်။ဆီတွေနဲ.။သူတို.ကအရမ်းကြိုက်တယ်။

အဲဒါ  yong tau fu..

အကြော်တွေသိပ်မကြိုက်ဘူး။။။စွပ်တော.ကြိုက်တယ်။အဲဒါက ရွေးရတယ်။ကိုယ်ကြိုက်တာရွေးရတယ်။စွပ်

အတွက်လား။အကြော်အတွက်လား။ရွေး၇တယ်။


ရုံးပတီသီး။ ကြက်ဟင်းခါးသီး။ခရမ်းသီး။ကြိုက်တာကိုရွေးပြီးရင်အစာသွပ်တာပါ။

ဒီနေ.စားတဲ. kueh teow (ကွေးသရောင်)


စားလို.ကောင်းတယ်။ char kuey teow( ချားကွေးသေ၇ာင်) အဲဒါကကြော်ထားတာ။အဲဒါလည်မဆိုးဘူး။


အဲဒါ (char kuey teow)..းD


pan mee

နေ.လည်ထမင်းစားချိန် တရုတ်မတွေနဲ.အတူ pan mee သွားစားဖြစ်တယ်။အရမ်းကြိုက်လို. ခဏခဏသွား
စားဖြစ်တယ်။ အသုပ်လည်းကြိုက်တယ်။ အရေနဲ.လည်းကြိုက်တယ်။ငရုပ်သီးအနှစ်ကကောင်းတယ်.
ချဉ်စပ်လေး. ဟင်းချိုထဲထည်.သောက်၇င်အရမ်းကောင်းတယ်။ကြိုက်လို.ဖြစ်မှာပါ။

ဒီနေ.စားတာ အသုပ်.. ဟင်ချိုလည်းပေးတယ်။ ငရုပ်သီးအနှစ်နဲ.ထည်.ပြီးသောက်တာ။အစပ် ကြိုက်တော.
ငရုပ်သီးအများကြီးထည်.စားတယ်။
pan mee ကတစ်နေရာနဲ.တစ်နေရာမတူဘူး.. ဈေးကြီးတဲ.ဆိုင်တွေမှာ ပိုပြီးစားကောင်းတယ်။အမြဲစား
ဖြစ်တာကတော. အသုပ်အစပ်။ငါးခြောက်သေးသေးလေးတွေနဲ.အရွက်များများနဲ.။                စွပ်သောက်မယ်ဆိုလည်း မာလာပန်းမီ ပဲသောက်တယ်။အဲဒါက အစပ်လေ။ ရိုးရိုးစွပ်စားတာနဲတယ်။

ဒါက ရိုးရိုးစွပ်။ ခေါက်ဆွဲက home make အပြားအကြီးကြီးတွေ။ မာလာ ကတော.ဘာမှထူးခြားတာတော.
မဟုတ်ပါဘူး။ ငရုပ်သီးထည်.လိုက်တာပါပဲ။

Tuesday, December 11, 2012

ဝက်ခြေထောက်စွပ်ပြုတ်(bak kut teh)

ချက်ထားတဲ.ဟင်းတွေကိုဓာတ်ပုံပဲ၇ိုက်ထားတာ။ဘလော.မရေးဖြစ်တာကြာပြီ။အလုပ်မအားတာနဲ.ဖုန်းအသစ်

ဝယ်ထားတော. အဲဒီ.ဘက်ကိုအာရုံရောက်နေတာ။

စွပ်ပြုတ်အရေသောက်စားချင်နေလို.ကိုယ်.အကြိုက်ဝက်သားချက်စားမယ်စိတ်ကူတယ်။ဒီမှာမလေးတွေက

ဝက်သားမစားကြတော. တရုတ်မတွေက ဝက်သားအကြောင်းမလေးမကိုမပြောကြဘူး။ကျွန်မကတော.

မလေးမကို ဝက်သားအရမ်းကောင်းတယ်လို.။အရမ်းကြိုက်တယ်လို.။နင်စားကြည်.ပါလားလို.။

သူကစိတ်မဆိုးမဲ.အပြင် ကြက်သားလောက်မကောင်းဘူးဆိုလို.ပြန်မေးတယ်။ တော်သေးတာပေါ.။

ဒီမှာကြက်သား တွေပေါတယ်။မကြိုက်ဘူး။မြန်မာနိုင်ငံက ကြက်သားလောက်မကောင်းဘူး။ရွာကကြက်သား

တွေလောက်မကောင်းဘူး။ဒီမှာလဲရှိတယ် ရွာကြက်ဆိုပြီး ဈေးကြီးတယ်။


ဝက်ခြေထောက်ကို ဘာကွက်တေး(Bak Kut Teh) အထုပ်နဲ.ချက်ထားတာ.

ဒီအထုပ်နဲ.ချက်တာ။ဆေးဘက်ဝင်တယ်ပြောတယ်။ကိုယ်ထည်.ချင်တဲ.အသီးအရွက်ထည်.ပြီးချက်လိုက်ရုံပဲ။
ပြိးရင်ကြက်သွန်ဖြူလေးနုတ်နုတ်စင်း ငရုတ်သီးလေးနဲ. စားလို.ကောင်းမှကောင်း။။။

စာကြွင်း။  ။ ဆိုင်မှာစားရတာပိုကောင်း၏။။။။။။။။



ချဉ်ပေါင်ရွက်ကြော်နှင်. အမဲသားလုံးကြော်

ဒီနေ. တနင်္ဂနွေနေ. ..နေကလည်းပူလိုက်တာ..ဘာဟင်းချက်စားရမလဲ..စိတ်ထဲမှာ ချဉ်ချဉ်စပ်စပ်ဟင်း

တွေပဲစားချင်နေမိတယ်။ မစားတာကြာပြီဖြစ်တဲ.ချဉ်ပေါင်ကြော်စားမယ်ဆိုတဲ.စိတ်ကူးလေးရသွားတယ်။

တစ်ခုတော.စဉ်းစားလို.ရပြီ။နောက်တစ်မျိုး...ချဉ်ပေါင်ကြော်နဲ.အတွဲဖြစ်အောင်....

အမဲသားလုံးကြော်စားမယ်။ ပြီးရင်ရေနွေးလေးနဲ. ဟဲဟဲ။ဝါသနာကြောင်.တနင်္ဂနွေနေ.လေးပဲကိုယ်စားချင်

တာချက်စားရတာ။


အမဲသားလုံးကြော်။ လုပ်ရတာနဲနဲတော. လက်ဝင်တယ်။ဒါပေမဲ.စားလို.ကောင်း၏...